Gmail ၊ Yahoo Mail ၊ Outlook ၊ Exchange ActiveSync နှင့် အခြား IMAP သို့မဟုတ် POP3 အကောင့်များနှင့် ကိုက်ညီသော သင့်အီးမေးလ်အကောင့်များကို HTC မေးလ်သည် တစ်နေရာတည်းတွင် စုစည်းသည်။ အကောင့်ထပ်ထည့်ရန်၊ မက်ဆေ့ချ်ရေးသားရန်၊ ဖိုဒါများနှင့် အကောင့်များအကြား ပြောင်းရန် သို့မဟုတ် မက်ဆေ့ချ်ရှာဖွေရန် လွယ်ကူပါသည်။ လွယ်ကူ၍ သိသာထင်ရှားသော HTC မေးလ်ဖြင့် သင့်အဝင်စာပုံးကို စစ်ဆေးပါ။
အင်္ဂါရပ်များ-
- မေးလ်စာပုံးတည်ဆောက်မှုဝစ်ဇာတ်ဖြင့် အကောင့်တစ်ခုလျင်မြန်စွာ ထပ်ထည့်နိုင်သည်
- ဖွင့်စရာအတွင်းမှ သင့်အကောင့်များနှင့် ဖိုဒါများပြောင်းနိုင်သည်
- “+” ကို အသာပုတ်၍ မက်ဆေ့ချ်အသစ်တစ်ခုရေးနိုင်သည်
- သင့်မက်ဆေ့ချ် စာလုံးဖောင့်၊ အရောင်၊ အလေးပေးဖော်ပြမှု အစရှိသည်တို့ကို ပြောင်းနိုင်သည်
- မက်ဆေ့ချ်များကို အကြောင်းအရာ၊ ပေးပို့သူ၊ လက်ခံသူ သို့မဟုတ် ပါဝင်မှုများနှင့်အတူ ထိုအချက်များအားလုံးအရ ရှာဖွေနိုင်သည်
- ပေးပို့သူ၊ လက်ခံသူ၊ ဦးစားပေး သို့မဟုတ် ချိတ်တွဲမှုများအရ စစ်ထုတ်ရှာဖွေနိုင်သည်
- အမျိုးမျိုးသော မှန်ဘီလူးအဆင့်အတန်းဖြင့် သင့်စခရင်တွင် ဝင်ဆန့်ရန် စာသားကို အလိုအလျောက်ချိန်ညှိနိုင်သည်
- HTC မေးလ်မှ မထွက်ဘဲ အစည်းအဝေးဖိတ်ကြားမှုများ ဖန်တီးနိုင်သည်
- Exchange ActiveSync မူဝါဒအတွက် ထောက်ပံ့နိုင်သည်
HTC ၊ HTC လိုဂိုနှင့် အခြား HTC ထုတ်ကုန်နှင့် အပလီကေးရှင်းမှ ရည်ညွှန်းထားသော ဝန်ဆောင်မှုအမည်များသည် ကုန်ပစ္စည်းအမှတ်အသားများ သို့မဟုတ် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများတွင် မှတ်ပုံတင်ထားသော HTC Corporation ၏ ကုန်ပစ္စည်းအမှတ်အသားများဖြစ်ကြသည်။ အသုံးချပရိုဂရမ်တွင် ညွှန်းထားသော အခြားမည်သည့် ကုမ္ပဏီအမည်၊ ထုတ်ကုန်အမည်၊ ဝန်ဆောင်မှုအမည်နှင့် လိုဂိုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်သည်။